MNP ၊ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မိုင်းခတ်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ မီးဖိုဖြင့် အသုံးပြုရသည့် ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်က ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးအားဝေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျကျိုးတို့က ဈေးသူ ဈေးသား မိဘပြည်သူများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ ဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးဖိုချောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး မီးဖိုချောင်သုံးပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်စဉ် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုပုံတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment