ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ကျင်းပမည်



MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်မှုဖြင့်ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့်ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် (၂၀၂၃)ကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင်  စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါ စီးပွားရေးဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ  ပညာရှင်များဖြစ်ကြသည့် ဦးတင်ဇံကျော်(Chairman ၊ Device Business University - DBU)၊ ဦးထွန်းထွန်းနိုင် (President, We Love Rakhine ၊ Chairman & Group of CEO Blue Ocean Investment Co.,Ltd နှင့် ဒေါ်ပန်းအိဖြူ (Chief Operating Officer ၊ Myanmar Payment Solution Services Company) တို့ကအဓိက ဟောပြောဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ စီးပွားရေးပညာရှင်များ၊ လူငယ်များက အနာဂတ်စီးပွားရေးအလားအလာများနှင့်ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲ သုံးခုကို ဆောင်ရွက်မည်ဖြစ်သည်။


ထို့ပြင်အခမ်းအနားကျင်းပမည့် ခိုင်သဇင်ခန်းမအတွင်း IT ဆိုင်ရာပစ္စည်းများ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကိုစျေးနှုန်းသက်သာစွာ ရောင်းချသွားမည်ဖြစ်ပြီး ပညာရေးဝန်ဆောင်မှုများ၊ စာအုပ်အရောင်းဆိုင်နှင့်စာအုပ်ပြခန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်သည့် ပြခန်းများကိုထည့်သွင်းထားကာ မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)