MNP ၊ အောက်တိုဘာ ၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က ထုံမံ ကျေးရွာ၌ ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ယခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ သီးနှံဝင်ငွေတိုးပွား စေရေး၊ နွေစပါးစိုက်ပျိုးရာမှ တစ်ဧကသီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ နွေစပါးတိုးမြှင့်စိုက်ပျိုးနိုင်ရန် နွေရာသီ ရေရရှိမှုနှင့် ချောင်း၊ မြောင်းများ၏ အခြေအနေ ဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားသည်။ ထို့ပြင် နွေးစပါးများစိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစု များကို သက်သာသည့် စျေးနှုန်းဖြင့် ရောင်းချထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့် နွေစပါး စိုက်တောင်သူများ၏ လိုအပ်ချက်များကို တာဝန်ရှိ သူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment