MNP ၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ "အနာဂတ်ကို မျှောတွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း ဆရာမ ဒေါ်နုနုလွင်က "အနာဂတ်ကိုမျှော်တွေးပါ" ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးပြီး Grade-6 မှ မနန်းခြူးပန်းအိစံက "လူငယ်တို့အတွက်ပြင်ပစာသင်ခန်း" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းစံပွင့်က" ကိုယ်ချင်းစာစိတ်လေးရှိစေချင်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မဝေဝေက "စံပြလူသားဖြစ်ဖို့လိုပြီ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းခေးလှိုင်က "မိတ်ကောင်းဆွေကောင်းနဲ့အရည်အချင်း" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment