စလင်းမြို့နယ်၊ ကြူဝန်းကျေးရွာရှိ မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်မှုအား တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်၊ ကြူဝန်းကျေးရွာရှိ မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်မှုအား တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်လံကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြူဝန်းကျေးရွာရှိ  အခြေခံပညာ မူလတန်းလွန်ကျောင်းတွင်  RCC (၂) ထပ်ကျောင်းဆောင် သစ်  ဆောက်လုပ်လျက်ရှိရာ  အောက်တိုဘာ (၆)ရက် နံနက်အချိန်က အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား  စလင်းမြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့  ကြည့်ရှုစစ်ဆေးရာတွင်  စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ  စလင်းမြို့နယ်  ဒုတိယမြို့နယ်ပညာရေးမှူး ဦးရာဇာထက်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က လိုက်လံရှင်လင်းပြသခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းဆောင်သစ်အား  ၂၀၂၂၊ ၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍  ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၂၀၉.၅၄၇၀) ဖြင့်  အလျား ၉၀ ပေ၊ အနံ ၃၀ ပေ (၂)ထပ် RCC အဆောက်အဦအဖြစ် စတင်၍ ဖူးသစ်ဆန်းကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ  ယခုအခါ (၇၅)%နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း နှင့် အဆိုပါ ကျောင်းဆောင်သစ်ကြီး  ဆောက်လုပ်ပြီးစီးပါက ကြူဝန်းကျေးရွာနှင့်  အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ   တက်ရောက် ပညာသင်ကြားလျက်ရှိသည့်  ကျောင်းသား/သူ (၅၀၇)ဦးတို့အတွက် အေးချမ်းသာယာစွာ  ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း  ကြူဝန်းကျေးရွာ  အခြေခံမူလတန်းလွန်ကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး  ဒေါ်ဝေဝေလှိုင်ထံမှ  သိရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)