မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ မတည်၍ စွမ်စော်မူလွန်ကျောင်းရှိ ကျောင်းသား/သူ(၇၀၃)ဦးအား ကန်စွန်းဥနို့သာကူ အာဟာရဖြစ်ကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ မတည်၍ စွမ်စော်မူလွန်ကျောင်းရှိ ကျောင်းသား/သူ(၇၀၃)ဦးအား ကန်စွန်းဥနို့သာကူ အာဟာရဖြစ်ကျွေးမွေးလှူဒါန်း




MNP ၊ အောက်တိုဘာ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ စွမ်စော်မူလွန်ကျောင်းရှိ ကျောင်းသား/သူများအား မြိုနယ်အုပ်ချုပ်ရေးမှူးမှမတည်၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အာဟာရဖြစ် ကန်စွန်းဥနို့သာကူ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့ အာဟာရဖြစ် ကန်စွန်းဥနို့သာကူကျွေးမွေးလှူဒါန်းတွင် မူဆယ်မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမှ မတည်၍ ကျောင်းသား/သူ(၇၀၃)အား အာဟာရဖြစ်ကျွေးမွေးလှူဒါန်းခဲ့ပြီး ကမ်းလက်ကူညီပရဟိတအသင်းမှ ကျွေးမွေးလှူဒါန်းမှုတွင်အဖက်ဖက်မှ လိုအပ်သည်များနှင့် ချက်ပြုတ်ဆောင်ရွက်ရာ၌ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကန်စွန်းဥနို့သာကူ ကျွေးမွေးလှူဒါန်းခြင်းကို မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိကြသူများ လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/သူများ၏ လိုအပ်သည်များကို ကျောင်းအုပ်ဆရာကြီးမှတဆင့် မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)