ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်းနှင့် တာဝန်ရှိသူများက မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်းနှင့် တာဝန်ရှိသူများက မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၉.၁၉ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း အရှည် ၀/၆မိုင် ကို  ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်  အဆိုပါလမ်းပေါ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၈၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ၍ အရှည်ပေ ၁၅၀ ရှိ  RC Concrete Bored Pile တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာ (၅)ရွာမှ အိမ်ခြေ ၆၅၂ အိမ်၊ လူဦးရေ ၃၀၉၃ ဦးနှင့် စိုက်ပျိုးမြေဧက ၅၈၀ တို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)