ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပေါင်မြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများ နှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပေါင်မြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများ နှင့်တွေ့ဆုံ






MNP ၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင် တွေ့ဆုံပွဲကို အောက်တိုဘာ (၂၅)ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံဦးကိုကိုလွင်သည် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမြေနေရာအား ကြည့်ရှူ့စစ်ဆေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်လဝကမှူး၊မြို့နယ်ရွေး/ကော်အဖွဲ့ခွဲအတွင်းရေးမှူးနှင့်  မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပါတီ များနှင့် တွေ့ဆုံ၍ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေများအားရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်စာရင်းများမြေပြင်တွင် အမှန်တကယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် တွေ့ကြုံရသည့်အခက်အခဲများအား တင်ပြ ဆွေးနွေးခဲ့ကြသည်။


ထို့နောက်မြို့နယ် အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊အမျိုးသားအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ပြည်သူ့ ရှေ့ဆောင်ပါတီများမှ ပါတီဥက္ကဌများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံဦးကိုကိုလွင်က ပြည်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)