တယ်လ်အဗွီ၊ အောက်တိုဘာ ၂၅
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်ကွပ်ကဲမှုစင်တာများ၊ လက်နက်တိုက်များအား ကြီးမားသောတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း IDF သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
"ပြီးခဲ့တဲ့ရက်က ဂါဇာကမ်းမြှောင်မှာ ISA ထောက်လှမ်းရေးအပေါ် အခြေခံထားတဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေအတွင်း IDF က အကြမ်းဖက်သမားတွေနဲ့ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အဦတွေကို အကြမ်းဖက်လိုဏ်ခေါင်းတွေ၊ စစ်ဌာနချုပ်တွေ၊ လက်နက်သိုလှောင်ရုံတွေ၊ မော်တာလောင်ချာတွေနဲ့ တင့်ကားဖျက်ဒုံးပစ်လောင်ချာတွေကို ပစ်ခတ်ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် IDF သည် ဂါဇာကမ်းမြောင်ဒေသရှိ အကြမ်းဖက်အဖွဲ့အား ကြီးကြပ်ကွပ်ကဲရန်နှင့် ဟားမတ်စ်၏ ပြိုင်ဘက်များကို ဖမ်းဆီးထောင်ချခြင်းအတွက် တာဝန်ရှိသည့် ဟားမတ်စ် လုံခြုံရေးယန္တရား၏ ကွပ်ကဲမှုစင်တာများနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကွပ်ကဲမှုစင်တာများကို ပစ်ခတ်နိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စစ်စခန်းများ၊ အခြေခံအဆောက်အဦများနှင့် စစ်ဌာနချုပ်များ အပါအဝင် ဟားမတ်စ်၏ အရေးပေါ် စစ်ဆင်ရေး ယန္တရားများကို ညတွင်းချင်း ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း IDF မှ အစီရင်ခံခဲ့သည်။ "ဟားမတ်စ်၏ အရေးပေါ် စစ်ဆင်ရေးယန္တရားသည် ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ဘေးကင်းသော နေရာများသို့ ရွှေ့ပြောင်းမည့် အစီအစဉ်များကို တားဆီးသည့် ပိတ်ဆို့မှုများ လုပ်ဆောင်သွားမည်ဟု" ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment