MNP ၊ အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သီရိခေတ္တသိရိန္ဓရသာသနာ့ ဗိမာန်တော်ကြီးအား အဆင့်မြှင့်တင်မွမ်းမံခဲ့ရာတွင် စေတနာထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က သီရိခေတ္တ သိရိန္ဓရသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး သီရိခေတ္တသိရိန္ဓရသာသနာ့ဗိမာန်တော်ကြီး ဘက်စုံပြန်လည်ပြုပြင်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် သီရိခေတ္တသိရိန္ဓရသာသနာ့ဗိမာန်တော်ကြီး ဘက်စုံပြန်လည်ပြုပြင်ရေး ဦးစီးကော်မတီအဖွဲ့ဝင် ဦးသိန်းတန်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်လင်းတင်ပြပြီး တာဝန်ရှိသူများက သီရိခေတ္တ သိရိန္ဓရသာသနာဗိမာန်တော်ကြီး ပြန်လည်မွန်းမံရာတွင် သဒ္ဒါတရားထက်သန်စွာဖြင့် လှူးဒါန်းခဲ့ကြသည့် စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment