ဂန့်ဂေါမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူကလေးများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(မြို့မ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ဆရာမများ သင်ကြားပို့ချသည့် ကျောင်းစာများကို အထူးအလေးထားကြိုးစားကာ သင်ယူကြရမည်ဖြစ်ကြောင်း၊  ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေမည့် သုတ/ရသစာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်စေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝ တိုးတက်မြင့်မားစေရန် ရည်မှန်းချက်ပန်းတိုင် ထားရှိရမည်ဖြစ်ကြောင်း၊ ပညာရွှေအိုးလူမခိုးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာသည်သာ မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်သဖြင့် ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်းနှင့် ကျန်းမာကြံ့ခိုင်သည့် ကိုယ်ခန္ဓာဖြစ်စေရန်အတွက်လည်း ဘောလုံး၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်စသည့် အားကစားများကို လေ့လာလိုက်စားရန် လိုအပ်ကြောင်း စသည်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကိုသာ စားသုံးကာ၊ သန့်(၄)သန့်ဖြစ်သည့် လက်ကိုသန့်ရှင်းစွာထားရမည်၊ ရေသန့်ရမည်၊ အစားအသောက်သန့်ရှင်းရမည်၊ အိမ်သာကိုသန့်ရှင်းရမည်ဖြစ်ကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)