MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာတွင် သုသာန်ဇရပ်မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအခြေစိုက် " ဖြေဆည်ရာ " ပရဟိတလူမှုကူညီရေးအသင်းမှ ဦးစီးဆောင်ရွက်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မအီမြို့၊ ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံ၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်မြတ်အား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ထို့နောက် သုသာန်ဇရပ်ဆောက်လုပ်ရန် မြေနေရာ၌ မင်္ဂလာပန္နက်တော်တို့အား ဆရာတော်သံဃာတော်များနှင့် ရပ်မိရပ်ဖတာဝန်ရှိသူများက ရိုက်သွင်းခဲ့ကြသည်။
အဆိုပါ ဇရပ်ကို " ဖြေဆည်ရာ " ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး အလျားပေ (၁၀၀)၊ အနံပေ (၃၀)ဖြစ်ကြောင်း လူမှုကူညီရေးအသင်းဥက္ကဌ ဦးအောင်ဘစောက ပြောကြားသည်။ " ဖြေဆည်ရာ " ပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် ယခုလက်ရှိကာလနှင့် အနာဂတ်ကာလတို့တွင် လူမှုအပျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ဂျီဖြူတောင်ကျေးရွာအတွင်းရှိပြည်သူများ သွားလာရေးအဆင်ပြေစေရန် လမ်းများပြုပြင်ဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊ သာရေးနာရေးကိစ္စများတွင် ဦးဆောင်ကူညီပေးခြင်းနှင့် အခြားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဖော်ပြပါ ပရဟိတလူမှုကူညီရေးအသင်းမှာယခုလက်ရှိကာလနှင့် အနာဂတ်ကာလတို့တွင် လူမှုအပျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ဂျီဖြူတောင်ကျေးရွာအတွင်းရှိပြည်သူများ သွားလာရေးအဆင်ပြေစေရန် လမ်းများပြုပြင်ဆောင်ရွက်ခြင်း၊ ကျေးရွာသုသာန်တွင် မီးသင်္ဂြိုဟ်စက် တည်ဆောက်ပြီးစီးခြင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊ သာရေးနာရေးကိစ္စများတွင် ဦးဆောင်ကူညီပေးခြင်းနှင့် အခြားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖော်ပြပါ ပရဟိတလူမှုကူညီရေးအသင်းမှာ ၂၀၂၃- ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တောင်ကုတ်မြို့နယ်၊ မှတ်ပုံတင်ရေးအဖွဲ့၏ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က ရရှိထားပြီးဖြစ်ကြောင်း " ဖြေဆည်ရာ " ပရဟိတလူမှုကူညီရေးအသင်း ဘဏ္ဍာရေးမှူး ဦးအောင်တင်းဝင်းက ပြောကြားသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment