MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူပင်လယ်ကမ်းခြေတွင် သီတင်းကျွတ်ကျောင်း ပိတ်ရက်များ၌ ကမ်းခြေတစ်လျှောက် ရေကစားကြသူများ၊ လာရောက်အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ထိုသို့ ရုံးပိတ်ရက်များ၊ နေ့ကြီးရက်ကြီးများနှင့် ကျောင်းပိတ်ရက်များတွင် အနယ်နယ်အရပ် ရပ်မှ လာရောက်အပန်းဖြေကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံများမှာ အဆိုပါကမ်းခြေတစ် လျှောက်တွင် ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြခြင်း၊ မြို့အဝင် ဆိုင်းဘုတ်နှင့် We Love Kyaukphyu ဆိုင်းဘုတ်နေရာများတွင် ညနေဆည်းဆာအလှကို ကြည့်ရှု ခံစားရင်း ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စည်ကားများပြားလျက်ရှိသည်။
အဆိုပါကျောက်ဖြူပင်လယ်ကမ်းခြေတွင် ဒေသခံပြည်သူများအနေဖြင့် နံနက်စောစောထ လမ်းလျှောက်ခြင်း၊ ကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ညနေပိုင်းတွင်လူငယ်များ သဲသောင်ပြင်ဘောလုံးအားကစားပြုလုပ်ခြင်း၊ ရေကူးခြင်း၊ စွန်လွှတ်ခြင်းတို့အပြင် မိသားစုအပန်း ဖြေရာနေရာတစ်ခုလည်းဖြစ်ရာ ယခုသီတင်းကျွတ်ရုံးပိတ်ရက်ရှည်နေ့များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များမှာ လာရောက်လည်ပတ်လျက်ရှိပြီး အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment