MNP ၊ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ (IDP) စခန်း (၂)ခုတို့တွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မန်တုံမြို့နယ် ကျေးရွာ (၂၅)ရွာတို့မှ ပြောင်းရွှေ့အိမ်ထောင်စု များအား ပြောင်းရွှေ့စရိတ်၊ ဆန်ရိက္ခာ (၁)လစာနှင့်၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းကပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဂျူးမီမီကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ပြောင်းရွှေ့အိမ်ထောင်စုများအား ပြောင်းရွှေ့စရိတ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၄၅ သိန်းကျပ်အားလည်းကောင်း၊ လူတစ်ဦးကို ဆန်ရိက္ခာ တစ်ရက်လျှင် နှစ်ဘူးနှုန်းဖြင့် အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၁၉၅ ဦးအတွက် တစ်လစာ ဆန်ရိက္ခာဖိုးငွေကျပ် ၁၇၅၅၀၀၀ ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သော ပလတ်စတစ်ပုံး ၄၅ ပုံးနှင့် ၆ ပေ၊ ၁၈ ပေ ရှိ တာပေါ်လင်စ ၄၅ စအားလည်းကောင်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော်
https://t.me/MyanmarNationalPost
No comments:
Post a Comment