ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာ၌ ”တောင်ပေါ်ဒေသတွင်ရေသန့်စင်စနစ်နှင့် အိမ်သွယ် ရေတိုင်စနစ်ပါဝင်သောစိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း”မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာ၌ ”တောင်ပေါ်ဒေသတွင်ရေသန့်စင်စနစ်နှင့် အိမ်သွယ် ရေတိုင်စနစ်ပါဝင်သောစိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း”မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ




MNP ၊ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်တောကျေးရွာ၌ ယမန်နေ့နံနက်၉နာရီခွဲအချိန်က “တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော စမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း” မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ရေကောင်းရေသန့်ရရှိရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးအလေးပေးဆောင်ရွက် လျက်ရှိပါကြောင်း ရေရရှိရေးဟာ လူနှင့်သက်ရှိအားလုံးအတွက် မရှိမဖြစ်အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေကြောင်း အဓိက ပန်းတိုင်(၆)ခုအနက်တစ်ခုဖြစ်သည့် ၂၀၃၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကျေးလက်နေပြည်သူများအားလုံး သန့်ရှင်းသော သောက်သုံးရေရရှိရေးရည်ရွယ်ချက်ကို ၂၀၁၇ခုနှစ်၌ ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်ပေါ်ဒေသတွင်‌ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းအားသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းနှင့် ကျောက်တောကျေးရွာမှာ သန့်ရှင်းသောသောက်သုံးရေရရှိရေးကို ဌာနနှင့် ပြည်သူလက်တွဲကာ ပူပေါင်းဆောင်ရွက်သွားလိုကြောင်းပြောကြားခဲ့သည်။


၎င်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ ဤကျောက်တောရွာဆိုရင်ဖြင့် ကျွန်တော်တို့ဦးစီးဌာနမှ ဆောင်ရွက်နေသော ခေတ်မှီစံပြကျေးရွာစီမံကိန်း ရရှိထားသောရွာဖြစ်ပြီး ထိုစီမံကိန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင်လည်း ဌာနရဲ့အားတစ်ခုနဲ့တင်မရပဲ အုပ်ချုပ်ရေး အဖွဲ့အစည်းများအပြင် ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပါကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ စီမံကိန်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ကာ စီမံကိန်း ကျေးရွာကိုယ်စားလှယ်(၁)ဦးမှ ကျေးဇူးတင်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တောင်ပေါ်ဒေသ တွင်ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများကဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)