MNP ၊ အောက်တိုဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများဆင်းပွဲနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး လေ့ကျင့် ပျိုးထောင်ရေးစင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို မြို့ပြနှင့်ကျေး လက်ဒေသများတွင် အသေးစားကုန် ထုတ်လုပ်ငန်းများ ထူထောင်ရန်လိုအပ်သော အသက်မွေးဝမ်း ကျောင်းအတတ်ပညာများ သင်ကြားပို့ချပေးခြင်းအပြင် နည်းပညာ၊ အရင်းအနှီး နှင့် ဈေးကွက်ရရှိ အောင်ဆောင်ရွက်ပေးခြင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်ခြင်း တို့သည် ပြည်သူများ အတွက် များစွာအကျိုးရှိရုံသာမက ပြည်နယ်အတွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထပ်မံ၍ အကောင်အထည်ဖော်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာနေ ဒေသခံပြည်သူများအတွက် ဖွင့်လှစ်ပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းနှင့် မွမ်းမံသင်တန်း၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနေ ဒေသခံပြည်သူများအတွက် ဖွင့်လှစ်ပေးခဲ့သော လက်ရက်ကန်း၊ ဖဲနှတ်ကောက်၊ မွမ်းမံသင်တန်းများမှ စီမံကိန်းလုပ်ငန်းစဉ်အတိုင်း စည်းကမ်းချက် များနှင့်ကိုက်ညီသည့်သင်တန်းသား များအတွက် လုပ်ငန်းထူထောင်နိုင်ရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများဖြစ်သည့် ရက်ကန်းစင်၊ အပ်ချုပ်စက်၊ ဘီတင်စက်၊ ကင်းချည်စက်၊ တုပ်သီးရိုးစက် တစ်စုံစီကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်စိုး က သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သင်တန်းသူများ၏ သင်တန်းထုတ်ကုန်ပစ္စည်းများနှင့် သင်တန်းသူများအတွက် လုပ်ငန်းထူထောင်နိုင် ရေးအတွက် ပေးအပ်ခဲ့သော ရက်ကန်းနှင့် စက်ချုပ်ကိရိယာပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင် သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာ လှပရေးအတွက် လေဆိပ်ခြံစည်းရိုး (ပြည်ထောင်စုလမ်းမ) တစ်လျှောက် သစ်ပင်ကြီးများ အလင်းဖွင့် ပေးခြင်း၊ ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေမြောင်းများ ဆယ်ယူတူးဖော်ပေးခြင်း၊ လမ်းလယ်ကျွန်းရှိ ပန်းပင်များ ပုံဖော်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment