ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုပေး







MNP ၊ အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ မွှန်းလွဲ(၁)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရွာသင်္ဘောဆိပ်အုပ်စု၊  ကျက်သရေကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကွင်းဆင်းပြီး ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး စစ်ကြောင်း ( ၅ )ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ 


ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာသူ/ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပူးပေါင်းအဖွဲ့တို့သည် ကျက်သရေကျေးရွာ  ဘုန်းတော်ကြီးကျောင်း ဆရာတော်အား စုပေါင်းဝါဆိုသင်္ကန်းကို  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 


ထို့နောက်  မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေက ကျေးရွာသူ/ကျေးရွာသားများအား တိုင်းရင်းဆေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာများသူအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ လေထိုး/လေအောင့်၊ ဒူးနာ၊ ခါးနာ၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံကျဉ်၊ ကိုက်ခဲ၊ အဆစ်ရောင် စသည့်ရောဂါဝေဒနာ ခံစားနေရသူများအား သောက်ဆေး၊ လိမ်းဆေးနှင့် လိုအပ်သောဆေးဝါး များကို (အခမဲ့) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)