ဖြူးမြို့နယ်၊ ဇဟားအလယ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသိန်း(၂၀၀)ကျပ်အား လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်၊ ဇဟားအလယ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသိန်း(၂၀၀)ကျပ်အား လွှဲပြောင်းပေးအပ်



MNP ၊ အောက်တိုဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသိန်း(၂၀၀)ကျပ်အား ဇဟာကျေးရွာအုပ်စု၊ ဇဟားအလယ်ကျေးရွာ မြစိမ်းရောင်စီမံကိန်းအားလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က မြစိမ်းရောင်စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာဖြစ်သည့် ဇဟားအလယ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်မည့် အသင်းသား(၄၁)ဉီးအတွက် ချေးငွေ သိန်း(၂၀၀)ကျပ်အား နေ့ချင်းပြီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)