ရွှေတောင်မြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး ဟောပြောပွဲကျင်းပ







MNP ၊ အောက်တိုဘာ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းကအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီဝင် ဌာနများဖြစ်သည့် ပြည်ခရိုင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွဋ်ခိုင် က ပြဌာန်းထားရှိသည့် ဥပဒေ ၊ နည်းဥပဒေများနှင့် စံနှုန်းများကိုလည်းကောင်း၊ ပြည်ခရိုင် လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာကာကွယ်တားဆီးနိုင်ရန်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းပညာများ တက် ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ ရွှေတောင်မြို့ နယ်လက်ထောက်ပညာရေးမှူး ဦးခင်ဇော်က ပညာရယူခြင်း နည်းလမ်း(၃)သွယ်ကိုလည်းကောင်း၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဦးထက်နိုင်တို့က အခန်းကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ကလေးအလုပ်သမားများ၏မိဘများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည် ။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)