ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ





MNP ၊ အောက်တိုဘာ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းကမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်စည်းမျဥ်းစည်းကမ်းများအားရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့ရာပြိုင်ပွဲဝင်ကျောင်းသား / ကျောင်းသူ (၂၅ ) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ဆက်လက်၍ ဆုရကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ဝေငှပေးခဲ့ကြသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)