MNP ၊ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း ၏လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက နွားမယံကျေးရွာအုပ်စု ၊ပုရပိုက်တန်းကျေးရွာရှိ ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းရောင်းဝယ်ရေးဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ပုဂ္ဂလိက လုပ်ငန်းရှင်များကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာန၊ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များကဖန်တီးရှင်လယ်ယာသုံးစက်ပစ္စည်းရောင်းဝယ်ရေးဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ပြသခြင်းနှင့် ကိုယ်တိုင် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment