အုတ်ဖိုမြို့တွင် အသက် (၅၄) နှစ်အရွယ် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနက်ဖြင့်ပစ်သတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့တွင် အသက် (၅၄) နှစ်အရွယ် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနက်ဖြင့်ပစ်သတ်



MNP ၊ အောက်တိုဘာ ၆

ပဲခူးတိုင်း ၊အုတ်ဖိုမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ တွင် အသက်(၅၄) နှစ်အရွယ် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနက်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက် နံနက် (၉ ၃၀)အချိန်တွင် ဦးဇော်ဝမ်းမှာ ကြိုးကိုးပင်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ၎င်းမှာ ထိုကျေးရွာ၏အရှေ့ပိုင်းမှ မော်တော်ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်သည့် နေအိမ်သို့ မောင်းနှင်လာ စဉ် အုတ်ဖိုမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ လူနေထိုင်ခြင်းမရှိသည့် နေရာသို့အရောက်တွင် PDF အကြမ်းဖက်သမားများက သေနက်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် ဦးဇော်ဝမ်း၏ လည်ပင်းညာဘက်/ ဝဲပါး/ ညာဘက်နောက်ကျော/ ဝမ်းဗိုက်ညာဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်၊ ညာဘက် လက်မောင်းမှာစုတ်ပြဲဒဏ်ရာ ၁ ချက်၊ ညာဘက်ကျောတွင် ပွန်းခြစ် ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ (၆) ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်း၏မော်တော်ဆိုင်ကယ်ကို PDF အကြမ်းဖက်သမားများက ယူဆောင်သွားကြောင်း သိရ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)