MNP ၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာစွမ်းရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူကလေးငယ်များ ဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာမကြီးများနှင့် ကျောင်းတာဝန်ခံဆရာမများက အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များ၊ ပြိုင်ပွဲအချိန်ကန့်သတ်ချက် များနှင့်ပတ်သက်၍ သက်ဆိုင်ရာပြိုင်ပွဲကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment