နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စောမူတူးစေးဖိုး တွေ့ဆုံမှုအပေါ် KNU နှင့် မပတ်သက်ကြောင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် လက်ရှိKNU ခေါင်းဆောင်များက ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စောမူတူးစေးဖိုး တွေ့ဆုံမှုအပေါ် KNU နှင့် မပတ်သက်ကြောင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် လက်ရှိKNU ခေါင်းဆောင်များက ထုတ်ပြန်



MNP ၊ အောက်တိုဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး တွေ့ဆုံမှုအပေါ် လက်ရှိအချိန်တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် KNU ခေါင်းဆောင်များက ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် KNU ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် စောမူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်၊ ပဒိုစောရွှေမောင်း တို့ တွေ့ဆုံမှုအပေါ် KNU နှင့် ပတ်သက်ခြင်း လုံးဝမရှိကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိ KNU ခေါင်းဆောင်များမှာ PDF အကြမ်းဖက်သမားများကို လက်ခံထားပြီး အကြမ်းဖက်သင်တန်းပေးကာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး တို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)