ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးလျက်ရှိ

 


MNP ၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ်မြောင်းဖောက်လုပ်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး မွေးမြူရေးနှင့်ကုန်ထုတ်သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးက ငါးကန်များအလိုက် ငါးမျိုးစိုက်ထည့်မွေးမြူနေမှုနှင့် မိုးရွာသွန်းမှုများပြားခဲ့၍ ငါးကန်များ ရေကျော်ထိခိုက် နစ်နာခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးမွေးတောင်သူများ၏ ထိခိုက်နစ်နာခဲ့မှုအား ပြန်လည်ကုစားပေးနိုင်ရေး ဈေးကွက်ရှိပြီး စားသုံးမှုများပြားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန် (၂)လက်မအရွယ်ငါးမျိုးများ ပြန်လည်စိုက်ထည့်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲပြီး ရေနစ်မြှုပ်ခဲ့သည့် ငါးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စုတို့ရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် စပါးစိုက်ခင်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုကာ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဆောင်းသီးနှံပဲတီစိမ်းစိုက်တောင်သူများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် မျိုးကောင်း မျိုးသန့်ရရှိရေး၊ နည်းစနစ်မှန်ကန်စေရေး၊ မိုးမွှားရောဂါကင်းရှင်းစေရေး အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ပထမအပတ်မှစတင်၍ မိုးသည်ထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ မှုကြောင့် ပဲခူးမြို့နယ်တွင် ကာလတူနှိုင်းယှဉ်ချက်အရ မိုးရေချိန်(၃၈)လက်မ ပိုမိုရွာသွန်းခဲ့ပြီး အောက်တိုဘာလ(၁၇)ရက်နေ့အထိ မိုးစပါးစိုက်ဧက(၈၇၀၁၂)ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်ပေါ်ဧက(၇၇၈၅၄) ဧကအနက် (၃၆၂၅၉)ဧကထိခိုက်ခဲ့ကာ (၄၇၁၆)ဧက ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)