ငွေဆောင်မြို့အဝင်တွင် အောင်ပွဲရ မြန်မာ့ဂုဏ်ဆောင် ရွက်လှေအဖွဲ့သားများအား ကြိုဆိုဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့အဝင်တွင် အောင်ပွဲရ မြန်မာ့ဂုဏ်ဆောင် ရွက်လှေအဖွဲ့သားများအား ကြိုဆိုဂုဏ်ပြု



MNP ၊ အောက်တိုဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နေ့လည်(၁၃း၀၀)နာရီအချိန်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Khaolak Classic 2023 (Surfing) ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ပြီး မြန်မာ့ဂုဏ်ဆောင် နိုင်ခဲ့သည့် Surf Association of Myanmar (SAM) ရွက်လှေအဖွဲ့သားများ ပြန်လည်ရောက်ရှိလာရာ ငွေဆောင်မြို့အဝင်မှ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။


ထိုင်းနိုင်ငံ Phuket ၊ Khaolak တွင်အောက်တိုဘာလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Khaolak Classic 2023 (Surfing) ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းဆောင်ရွက်လျှက်ရှိသည့် Surf Association of Myanmar (SAM)မှ အဖွဲ့ခေါင်းဆောင်/ ကစားသမား စုစုပေါင်း(၇)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ Teamleader ဦးမင်းမင်း၊ Beginnner Women မမျိုးသီရိဇော် (1stprize)၊ Beginnermen မောင်လွင်ကိုကိုထက် (1stprize)၊ မောင်ဖေစုသွင် (3rdprize)၊ မောင်ရှင်းသန့်လင်း (4thprize)၊ ဒေါ်နိုင်ဒါစိုး (Openwomen)၊ မောင်အောင်ဇော်လင်း (openmen) အစရှိသည့်ဆုများရရှိခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်ခဲ့ကြသည်။


အဆိုပါအဖွဲ့သားများသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံငွေဆောင်မြို့သို့ ယမန်နေ့နေ့လည်(၁)နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာရာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ရွက်လှေအဖွဲ့သားများ၊ ဟိုတယ်ဇုန်ဝန်ထမ်းများ၊ ဒေသခံပြည်သူများမှပန်းစည်းများ၊ ပန်းကုံးများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)