အစ္စရေးသည် လက်ဘနွန်နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးသည် လက်ဘနွန်နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်


တယ်လ်အဗွီ၊ အောက်တိုဘာ ၁၉

အစ္စရေးစစ်တပ်သည် လက်ဘနွန်နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နာရီပိုင်းတွေမှာ IDF က လက်ဘနွန်နယ်စပ်တလျှောက် ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်တွေကို လုပ်ကြံတာဖြစ်ပြီး Rosh ကို တင့်ကားဖျက်ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တဲ့ ပင်လယ်ပြင်ကို မျက်နှာမူထားတဲ့ ဟာနီကရာ စောင့်ကြည့်ရေးနေရာလည်း ပါဝင်ပါတယ်။” ဟုဆိုသည်။

Metula၊ Malkia နှင့် Manara တို့တွင် တင့်ကားဖျက်ဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း IDF က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးပိုင်နက်ကို တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ဂျေရုဆလင်မြို့ ရှိ Al-Aqsa ဗလီကို အစ္စရေး အာဏာပိုင်များ၏ ခြေလှမ်းများကို တုံ့ပြန်မှုအဖြစ် ဟားမတ်စ်က ပြောဆိုခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်း ၃,၄၀၀ ကျော် သေဆုံးပြီး ၁၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးမှာ အနည်းဆုံး လူ ၁၅၀၀ လောက် အသက်ဆုံးရှုံးပြီး ၄၅၀၀ နီးပါး ဒဏ်ရာရခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)