မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်သွားမည့် လမ်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်သွားမည့် လမ်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




MNP ၊ အောက်တိုဘာ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့များသန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီးဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များအတွင်း လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများသည် ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာအုပ်စု၊ ခတ်ချိုကျေးရွာသို့ သွားရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေတွင်လျာထား တင်ပြတောင်းခံနိုင်ရေး ကျေးရွာအတွင်းရှိ လမ်းသွယ် (၁၆)၊ လမ်းပိုင်း (၃) အရှည် ၈၆၀ ပေအား လည်းကောင်း၊ လမ်းသွယ် (၁၁) အရှည် ၁၂၀၀ ပေအား  လည်းကောင်း၊ လမ်းသွယ် (၉) လမ်းပိုင်း (၁) အရှည် ၂၄၀ ပေနှင့် ဝိုင်းမော်မြို့၊ ရပ်ကွက် (၃) ဗထူးလမ်းမှ ဆီလီလမ်းသို့ ဆက်သွယ်ထားသော နိန်ဂျားပညာရေးဂေဟာကျောင်းသွားလမ်းအရှည် ၉၈၀ ပေတို့အား လည်းကောင်း ကွန်ကရစ်လမ်းသစ်များ ခင်းကျင်းပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက လမ်းနယ်မလွတ်သည့်နေအိမ်၊ ခြံနှင့်အဆောက်အအုံများအား ညှိနှိုင်းဖယ်ရှားသွားရေး၊ လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်လိုသည်များကို ရေးဆွဲတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု အတွင်းရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် ရဟန္တတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး စေတီတော်ကြီး ရွှေစင်၊ ရွှေသား၊ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလှူငွေရရှိမှုအခြေအနေများ၊ ရွှေဆိုင်းအသစ်များ မှာယူဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဂေါပကများအကြား လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်း ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် အောင်ဝိဇ္ဇာလမ်းအရှည် (၉၅၀)ပေအားလည်းကောင်း၊ အောင်သုတ လမ်းနယ်မြေ (၈)နှင့် နယ်မြေ (၆)အတွင်း အရှည် ၁၉၀၀ ပေအားလည်းကောင်း ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ မဟာဗန္ဓုလလမ်းမပေါ်တွင် ရေဝပ်သည့်နေရာတို့အား ရေဆင်းကောင်းစေရေးအတွက်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် ခေမာသီရိရပ်ကွက် လမ်းသွယ် ၁၄ အရှည် ၁၀၀၀ ပေ၊ မြို့သစ်ကြီးရပ်ကွက် လမ်းသွယ် ၄ အရှည် ၃၆၅ ပေတို့အား ကတ္တရာလမ်းသစ်များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးနှင့် အေးမြသာယာ လမ်းသွယ် ၁၈ (ရှမ်းရွာလမ်းမကြီး) နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးနှင့် ရှမ်းရွာအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ခပ်လားလမ်းအရှည် ၁၀၀၀ ပေအား ကတ္တရာခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)