မအူပင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအား ယနေ့ နံနက်(၁၀) နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ရှေ့ဦးစွာ အစိုးရနည်းပညာ အထက်တန်းကျောင်း (မအူပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဟန်က ယခုလို လူငယ်စကားကျင်းပပေးခြင်းသည် ကျောင်းသား လူငယ်များအတွက် များစွာအကျိုးရှိကြောင်းနှင့် ကျောင်းသားလူငယ်များအတွက်လည်း ဗဟုသုတများစွာ ရရှိစေခြင်းကြောင့် များစွာဝမ်းမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်တတ်စေရန်နှင့် စာပေ ဗဟုသုတများကြွယ်ဝ‌ပြီး အကျိုးရှိသည့် စာကောင်းပေကောင်းများ ဖတ်ရှုတတ်‌စေရန် ရည်ရွယ်၍ လူငယ် စကားဝိုင်းအား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက Moderator အဖြစ် ဆောင်ရွက်၍ အစိုးရနည်းပညာအထက်တန်း ကျောင်း (မအူပင်)မှ မြန်မာစာကထိကဌာနမှူး ဆရာမ ဒေါဖြိုးဝေထွန်းနှင့် ကျောင်းသား/ကျောင်းသူများ ဖြစ်သည့် မောင်‌ဇော်ဇော်အောင်က လူငယ်နှင့် နည်းပညာ၊ မောင်ကျော်ဆန်းလင်းက လူငယ်နှင့် စာရိတ္တ၊ မောင်ခိုင်ဝင်းလှိုင်က လူငယ်နှင့် စာပေ၊ မောင်ကျော်ဝေလင်းက လူငယ်နှင့် မူးယစ်ဆေးဝါး၊ မဆုလင်းထက်က လူငယ်နှင့် အားကစားစသည့် အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ ကျောင်းသူများက ကဏ္ဍအလိုက် သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အစိုးရနည်းပညာ အထက်တန်း(မအူပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဟန်နှင့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)