သွေးစွန်းနေသော ကစားပွဲ (အရာတော်အတွက် ဝမ်းနည်းခြင်း) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးစွန်းနေသော ကစားပွဲ (အရာတော်အတွက် ဝမ်းနည်းခြင်း)


အရာတော်မြို့နယ် NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုအခြေအနေ၊ အရာတော်မြို့နယ် အာဏာပိုင်များက အကြမ်းဖက်သမားများနဲ့ ချိတ်ဆက်ပြီး လစဉ်ကြေးတောင်းစားနေတဲ့ အခြေအနေများကို ကျွန်တော်အမုန်းခံပြီး ပြောခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ စကားတွေမှာ လုပ်ကြံဖန်တီးပြီး ဇာတ်လမ်းဆင်ပြောခဲ့တာမျိုးတွေ မပါဘူး။ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ရှောင်တိမ်းလာရသူတွေနဲ့ တွေ့ဆုံပြီး လိုရင်းကိုပဲ အဓိကထား တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တတ်နိုင်သမျှ ထိထိမိမိ တိတိကျကျ ရှင်းလင်းဆောင်ရွက်နိုင်ဖို့ အချက်အလက်တွေကိုပဲ အဓိက မေးမြန်းပြီး တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အရာတော်မြို့နယ်မှာ ကျောင်းသားတွေကို လိုက်ပို့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတဲ့ နေ့က သတင်းမှန် ပြန်ကြားရေးကို ကျွန်တော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ "မေးမြန်းခွင့် ပြုပါခင်ဗျာ -

ယနေ့ နံနက်ပိုင်း က အရာတော်မြို့နယ် ၅၀၀၄ တပ် ကနေ ကျောင်းသားတွေကို ကျောင်းလိုက်ပို့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် များကို PDF က ကားနဲ့ လာပစ်သွားတာ တပ်ဖွဲ့ ဝင် ၃ဦး ကျဆုံးခဲ့ရတယ်လို့ ကြားသိရပါတယ်။ သတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန်ပေးစေလိုပါတယ်။ အရာတော်မြို့နယ် အခြေအနေများနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် က အကြမ်းဖက်လှုပ်ရှားမှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် အချိန်နှင့် တပြေးညီ သတင်းဖော်ပြပေးခဲ့တာတွေလည်း ရှိပါတယ်။ အရာတော်မြို့နယ်အတွင်း NLD လွှတ်တော်အမတ်ဟောင်းများ ဦးဆောင်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့်အပေါ် အကြမ်းဖက်နှိမ်နင်းရေး ဘာကြောင့် မလုပ်တာလဲ ဆိုတာကိုပါ ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။

သတင်းမှန် ပြန်ကြားရေးက ပြန်လည်ဖြေကြားပေးခဲ့ခြင်း မရှိပါဘူး။ သတင်းမှန် ပြန်ကြားရေးဆိုတာလည်း မြို့နယ်အာဏာပိုင်တွေထံက သတင်းပို့မှသာ မှန်မှန်ကန်ကန် ဖြေကြားနိုင်မှာ ဖြစ်ပါတယ်။ မြို့နယ်အာဏာပိုင်တွေက PDF ရဲ့ ဘက်တော်သားတွေ PDF ပေးတဲ့ လစဉ်ကြေးကို ကြိတ်ဝါးနေကြသူတွေ၊ သတင်းမှန်တွေကို ဖုံးကွယ်လိမ်ညာထားသူတွေ ဖြစ်လေတော့ သူတို့ဆီက သတင်းမတင်ပြရင် သတင်းမှန်ထုန်ပြန်ရေးက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိပါဘူး။ 

ကျွန်တော် ပြောခဲ့တဲ့ ရုပ်သံတစ်ခုမှာဆိုရင် အရာတော်မြို့နယ်အတွင်းက တာဝန်ရှိသူတွေကတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကို ရှင်းမှာ မဟုတ်တော့ဘူး။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် တပ်မတော်သား မိသားစုဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အနယ်နယ်အရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီ။ ဒါကြောင့် ကျွန်တော့်ကို တာဝန်ပေးပါ။ အကြမ်းဖက်နှိမ်နင်းရေးအတွက် အရာတော်မြို့နယ်က စွန့်ခွါလာသူတွေကို ကျွန်တော်စည်းရုံးပြီး သွားရောက်ဆောင်ရွက်ပါမယ်လို့ အစွန်းမလွတ်တဲ့ စကားကို ကျွန်တော် ပြောခဲ့ပါတယ်။ ရွဲ့ပြောခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ပြည်သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးကလည်း အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ကာလုံအစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲများမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြည်သူပူးပေါင်းပါဝင်သော ကာကွယ်ရေး အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ အရာတော်မြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးအတွက် ကျွန်တော့်ကို တာဝန်ပေးပါဆိုလို့ ကျွန်တော်တစ်ယောက်သာ ဆောင်ရွက်နိုင်မယ်လို့ ဆိုလိုခြင်းလည်း မဟုတ်ပါဘူး။ အကြမ်းဖက်နှိမ်နင်းရေး တကယ်လုပ်မယ့်သူကို တာဝန်ပေးဖို့ ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အရာတော်မြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးကို တကယ်လုပ်မယ့်သူကိုလည်း လွှတ်လို့ မရပါဘူး။ အရာတော်မြို့ပေါ်က အကြမ်းဖက်သမားနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ ဖရဲသီးတွေကို ဖယ်ရှားပြီးမှသာ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က နိုင်ငံတော်အကြီးအကဲများရဲ့ စကားကို ဥပဒေကဲ့သို့ အလေးထား မှတ်ယူပါတယ်။ ယနေ့ တိုင်းပြည်အာဏာအရပ်ရပ်ကို တပ်မတော်က လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေရတဲ့ ကာလတလျှောက် တပ်မတော်နဲ့ တသားတည်း ရပ်တည်ပြီး ပြည်ဖျက်မိစ္ဆာတွေကို ဆန့်ကျင်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" လို့ ပြောခဲ့တယ်။ ဒီဆောင်ပုဒ်ဟာ တပ်မတော်ရဲ့ ဆောင်ပုဒ်လည်း ဖြစ်တယ်။ 

သို့ပေသော် တပ်မတော်အရာရှိတိုင်းကတော့ အမျိုးသားရေးအပေါ်မှာ အစဉ်သဖြင့် သစ္စာမခံပါဘူး။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာဖို့ကိုသာ အစဉ်သဖြင့် အလေးထားလုပ်ဆောင်နေတဲ့ တပ်မတော်အရာရှိကြီးများလည်း ရှိတယ်။ တပ်မတော်အရာရှိတိုင်းကို စာရေးသူက စော်ကားပြောဆိုနေခြင်း မဟုတ်ပါဘူး။ အရာရှိ တစ်ဦးတစ်ယောက်က ဖောက်ပြန်ရေးသမားဖြစ်နေတာနဲ့ ပတ်သက်လို့ တပ်မတော်ကိုလည်း ပြစ်တင်ပြောဆိုလို့ မရပါဘူး။ တပ်ထဲမှာ ပြည်ပြေး ဝရမ်းပြေး နေမျိုးဇင်လို လူ့မိစ္ဆာတွေ ရှိနေနိုင်တာပဲ။ 

ကျွန်တော်တို့ တပ်မတော်ကို ဘာကြောင့်ဝန်းရံသလဲ။ အနေအစားချောင်လို့ ဘောမယောင်ဆောင်နေတဲ့ အထဲမှာ မပါဘူး။ တိုင်းပြည်မှာ ဖြစ်ပေါ်လာတဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာ တကယ်တန်း အရေးကြုံလာတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် တပ်မတော်သားတွေက ရှေ့ဆုံးကနေ ပေးဆပ်ရတာပါလားဆိုတဲ့ အသိနဲ့ တပ်မတော်ကို ဝန်းရံခဲ့ခြင်းပဲ။ တပ်မတော်နဲ့ တသားတည်း ရပ်တည်ခဲ့ခြင်းပဲ။ ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေရဲ့ သရုပ်မှန်ကို သိမြင်လာခြင်းကြောင့်လည်း အမျိုးသားရေးအတွက် အားထားရာသည် တပ်မတော်သာ ဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် ဝန်းရံခဲ့ခြင်းပဲ ဖြစ်တယ်။

လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ လူတွေ (တပ်မတော်သား ဆိုတာကလည်း ပြည်သူထဲက ပြည်သူ)ပဲ။ အဂတိလည်း မကင်းနိုင်ဘူးဆိုတာ သိပါတယ်။ သို့သော် အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာတာမျိုးကိုတော့ မလုပ်စေချင်လို့ နစကဖြစ်တည်လာခြင်း သဘောကိုလည်း အလျဉ်းသင့်သည့်အခါတိုင်း ဆွေးနွေးတင်ပြပါတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ နီပိန်းတသိုက်ကို အရေးယူဆောင်ရွက်နေချိန်မှာ အဂတိကို အထူးဆင်ခြင်ကြဖို့ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။ 

အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုကိုသာ အာသီသပြင်းပြနေသူတွေအတွက် ကျွန်တော်တို့ရဲ့ ဆွေးနွေးတင်ပြမှုတွေက အရာမရောက်ပါဘူး။ ပြည်ဖျက်မိစ္ဆာ နီပိန်းများမှာ တိုင်းပြည်ဘဏ္ဍာထဲက ခိုးဝှက်ထားတဲ့ ငွေတွေရှိတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း မခံရအောင်၊ ရဲကို ငွေပေးတယ်၊ ရဲအရာရှိများကနေ တဆင့် တပ်အရာရှိများထံ ချည်းကပ်တယ်။ ငွေနဲ့ ဖျက်ဆီးခြင်း ခံရတယ်။ ပြည်ဖျက်မိစ္ဆာ နီပိန်းများဟာ သူတို့ရဲ့ လမ်းစဉ်နောက်ကို ရဲအရာရှိတွေ၊ တပ်အရာရှိတွေ လိုက်ပါလာစေဖို့ ငွေနဲ့ပဲ လမ်းဖောက်သွားခြင်း ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းက အခြားသောမြို့နယ်တွေမှာ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခဲ့တာ အကြမ်းဖက်သမား အသေ ၂၀၀ကျော် နဲ့ အရှင် ၄၀ ကျော် ဖမ်းဆီးရမိတယ်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတွေလည်း ရှိတယ်။ အရာတော်မြို့နယ်ထဲမှာ အကြမ်းဖက်နှိမ်နင်းရေး တုတ်တုတ်မျှမလုပ်ဘူး။ အရာတော်မြို့နယ် အကြမ်းဖက်သမားများ အခြေပြုနေတဲ့ နောင်ကြီးအိုင်ကျေးရွာမှာ တပ်သွားထိုင်တယ်။ ထိုင်နေတာပဲ ရှိတယ်။ အကြမ်းဖက်နှိမ်နင်းရေး မလုပ်ဘူး။ အကြမ်းဖက်သမား ၂၀၀ ကျော် သေတာ ဝမ်းနည်းစရာမဟုတ်ဘူး။ အကြမ်းဖက်သမား ၁၀၀၀ ရှိရင် ၁၀၀၀ သေသင့်တယ်။ ၁၀၀၀၀ ရှိရင် ၁၀၀၀၀ သေသင့်တယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုးမပြုတဲ့ လူ့မိစ္ဆာတွေကို စာနာထောက်ထားခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီ။ တိုင်းပြည်မှာ နစ်နာဆုံးရှုံးမှုတွေ များလွန်းမက များလှပြီဖြစ်လို့ အကြမ်းဖက်နှိမ်နင်းရေးကို ဖိဖိစီးစီး လုပ်ဖို့ မေတ္တာရပ်ခံနေခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲများက ယုံကြည်စွာနဲ့ တာဝန်ပေးအပ်ထားသူများက အကြမ်းဖက်နှိမ်နင်းရေးမလုပ်ဘဲ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းကာ ကိုယ်ကျိုးရှာနေပြီဆိုရင်လည်း ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူများကို တာဝန်ပေးအပ်ဖို့ မေတ္တာရပ်ခံလိုခြင်း ဖြစ်ပါတယ်။

ကျောင်းလိုက်ပို့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ် တိုက်ခိုက်သွားတဲ့ ရုပ်သံကို အကြမ်းဖက်သမားများကပဲ ထုတ်ပြန်ထားတယ်။ PDF သက်သက်မဟုတ်ဘူး။ KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တပ်မတော်သား (၃)ဦး ပြန်လည်ခုခံချိန်တောင် မရလိုက်ဘူး။ သူတို့ ထုတ်ပြန်တဲ့ ရုပ်သံမှာ တရစပ်ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့တာ။ အကြမ်းဖက်သမားများက အဲဒီလို အလစ်အငိုက်ချောင်းပြီး သတ်တာ။ 

တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ လုံခြုံရေးအရာရှိတွေက အဲဒီလို ချောင်းမြောင်း ပစ်ခတ်စရာမလိုဘူး။ အလစ်အငိုက် တိုက်ခိုက်ဖို့ မလိုဘူး။ တစ်ရွာဝင် တစ်ရွာထွက် လော်နဲ့ ခေါ်ထုတ်ပြီး အကြမ်းဖက်သမားတွေကို ရှင်းပစ်လို့ ရတယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်မှာလား။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြမှာလား။ ရွာစဉ်တိုက်ပြီး အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီး၊ လက်နက်ခဲယမ်းများကို စိစစ်သိမ်းဆည်းနိုင်တဲ့ အခွင့်အာဏာရှိတယ်။ မလုပ်ကြပါဘူး။ အကြမ်းဖက်သမားပေးတဲ့ လစဉ်ကြေးနဲ့ သာယာနေကြတာ။

ပြည်ဖျက်မိစ္ဆာ ပြည်ပသြဇာခံ အစွန်းရောက် အကြမ်းဖက် နီပိန်းတွေ သတ်လို့ သံဃာတော်တွေသေရတိုင်း၊ ဆရာ/ဆရာမတွေ သေရတိုင်း၊ တပ်မတော်သားတွေ သေရတိုင်း၊ အပြစ်မဲ့ ပြည်သူတွေ သေရတိုင်း ဝမ်းနည်းတယ်။ ဘာကြောင့် အစွန်းရောက် အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ထင်တိုင်းသတ်ခွင့် ရနေတာလဲ။ နိုင်ငံတော်အကြီးအကဲများက ယုံကြည်စွာ တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များက တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ပါ။ အကြမ်းဖက်သမားနဲ့ ဆက်သွယ်ပြီး ကိုယ်ကျိုးရှာနေကြတဲ့ ဒေသတွေမှာ အပြစ်မဲ့ ပြည်သူတွေ ရက်စက်စွာ သတ်ဖြတ်ခံနေရခြင်းဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်တဲ့ နေရာတွေမှာ အတိုင်းထက်အလွန် မဖြစ်ခဲ့ပါဘူး။ ကွာခြားချက်ကိုလည်း နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။

ဝမ်းနည်းတယ်ဗျာ။ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမားတွေက သတ်လို့ ဥပဒေဘောင်အတွင်းမှာ နေထိုင်သူတွေ သေနေရတာကို ဝမ်းနည်းသလို "အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရပ်တည်နေတဲ့ အဖွဲ့အစည်းအတွင်းမှာ အာဏာအလွဲသုံးစား ကိုယ်ကျိုးရှာလိုမှုကိုသာ ရှေ့တန်းတင်လိုသူတွေ ရှိနေတာကိုလည်း ဝမ်းနည်းတယ်။ ထပ်ပြီး ပေးဆပ်နေရအုံးမှာပဲ။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေကိုသာ မဖယ်ရှားနိုင်ဘူးဆိုရင် နီပိန်း အစွန်းရောက် အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ချောင်းမြောင်း လုပ်ကြံ သတ်ဖြတ်နေကြအုံးမှာပဲ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေလည်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေပေးနေရအုံးမှာပါပဲ။ 

သွေးစွန်းနေသော ကစားပွဲမှာ တလွဲဆံပင်ကောင်း နီပိန်းအစွန်းရောက် အကြမ်းဖက်သမားများအပေါ်မှာ ညှာတာစာနာပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ညှာတာထောက်ထား ဖေးမကူညီမယ့်သူ မရှိဘူး။ အရာတော်မြို့နယ်အတွင်းက တပ်မတော်သားမိသားစုဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ခင်ဗျားတို့တွေဟာ တပ်မတော်သားတွေရဲ့ ကူညီစောင့်ရှောက်မှုကို မရတဲ့အတွက် ဘာမှမဆိုင်တဲ့ ကျုပ်က ဝမ်းနည်းတယ်။ ခင်ဗျားတို့တွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဖြစ်ပါလျက် မြို့နယ်၊ ခရိုင်၊ တိုင်း ပါတီတာဝန်ရှိသူအဆင့်ဆင့်ရဲ့ ကူညီဖေးမမှုကို မရတဲ့အတွက် ဘာမှမဆိုင်တဲ့ ကျုပ်က ဝမ်းနည်းတယ်။ ခင်ဗျားတို့အတွက် ကျွန်တော့်အနေနဲ့ ဘာမှလုပ်မပေးနိုင်တဲ့အတွက် အလွန်အကျူး ဝမ်းနည်းမိပါတယ်။ လောကပါလတရားတွေ၊ ဗြဟ္မစိုရ်တရားတွေကိုပါ လွဲမှားတဲ့ ဘက်မှာ တလွဲဆံပင်ကောင်း အသုံးချနေကြတာလားလို့ အဖြေရှာရင်းနဲ့သာ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)