မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကံမမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကံမမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ






MNP ၊ အောက်တိုဘာ ၁၄ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက ကံမမြို့နယ်သို့ ရောက်ရှိပြီး   သရက်-နတ်မီးတောက်-ကံမလမ်းပိုင်း (၁၈)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နံနက် ၉ နာရီခွဲအချိန်တွင် အုတ်ရှစ်ချိုကျေးရွာအုပ်စု ခြောက်ထောင့်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက   ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်လျက်ရှိသည့် ခြောက်ထောင့်ဆိုလာလျှပ်စစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ခြောက်ထောင့်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍   အမှာစကားပြောကြားရာတွင် ယခုဆောင်ရွက်နေသော ဆိုလာလျှပ်စစ်ရေတင် စီမံကိန်းပြီးစီးပါက မိုးရာသီ ဆောင်းရာသီများသာမက နွေရာသီကာလ၌လည်း သီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမည့် ဧက(၈၀၀)ကို စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ရရှိလာမည့် စိုက်ပျိုးရေများကို  အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ မိမိတို့တာဝန်ယူရသည့်ကာလအတွင်း ပညာရေး၊ ကျန်းမာ ရေး လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက်ပေးနေသည့်အပြင် ပြည်သူလူထု၏ လူနေမှုဘဝမြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးတင်ပြခဲ့ကြရာ ဆွေးနွေးတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဆွေးနွေးဆောင် ရွက်ခဲ့ကြသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်မဲကျေးရွာ မဒေးဆည်ရေသောက်ဧရိယာတွင် မိုးစပါး(ဆာဖိုးသာစပါး)ဧက တစ်ရာတစ်နှစ်သုံးသီး စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ အကျိုးစီးပွားအတွက် အဘက်ဘက်မှ      စဉ်းစားဆောင် ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်ဇေယျဝင်း(ကံမ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)