မုံရွာမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၄

 ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့ နံနက် ၈ နာရီအချိန်က စမ်းသပ်သန်းခေါင် စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေးကောက်ကွက် (၁၀) ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ (၁၂၅) အိမ်နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ က နေ့စဉ်ကောက်ယူသွားမည် ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင်လည်း မုံရွာမြို့ ရုံးကြီးရပ်ကွက်၌  အဖွဲ့ (၅)ဖွဲ့ခွဲ၍ စတုတ္ထနေ့ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။


အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီအ‌ဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၃) ရက်နေ့အထိ အိမ်‌ထောင်စု(၆၅၃)စု လူဦးရေ(၁၀၃၈)ဦး ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)