ပေါက်တောမြို့နယ် တောင်ချောင်(ရွာသစ်) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် တောင်ချောင်(ရွာသစ်) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေး


MNP ၊ အောက်တိုဘာ  ၄

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် မြင့်ဂါအုပ်စု တောင်ချောင်(ရွာသစ်) ကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် မှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း နှင့် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။


အဆိုပါ တောင်ချောင်(ရွာသစ်) ကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို၂၀၂၃-၂၀၂၄ ခု ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပ့ံငွေ ၁၂ သန်း နှင့် ပြည်သူထည့်ဝင်ငွေ ၂ဒသမ၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန် ဆောင်ရွက်လျက်ရှိကြသည်။


အဆိုပါ ကျေးရွာတွင်းလမ်းကွန်ကရစ် မှာ အလျား ၅၃၂ ပေ ၊ အကျယ် ၉ ပေ ၊ ထု ၆ လက် မ ရှိပြီး လုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)