သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့်‌ ဥယျာဥ်ခြံစိုက်‌တောင်သူများ မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta) ပင် (၈၇၀) စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့်‌ ဥယျာဥ်ခြံစိုက်‌တောင်သူများ မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta) ပင် (၈၇၀) စိုက်ပျိုး


MNP ၊ အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့် ဥယျာဉ်ခြံစိုက် တောင်သူများက ယမန်နေ့ နံနက် ၁၁ နာရီအချိန် ဇီးဖြူကွင်း ကျေးရွာအုပ်စု၌ မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta)ပင် (၈၇၀) စိုက်ပျိုးခဲ့ကြသည်။


မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင် တို့က မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta) ပင်သည် မြေအစိုဓာတ်ရသည့် ဇွန်၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးနိုင်ပြီး ပင်ခြား ၁၀ ပေ ပတ်လည်စိုက်ပျိုးရန်၊ အရိပ်ရသစ်ပင်များအောက်တွင် စိုက်ပျိုးနိုင်ပြီး တစ်ဧက (၄၃၅)ပင် ဝင်ဆန့်စိုက်မျိုးနိုင်ပြီး စိုက်ပျိုးချိန်မှ ကော်ဖီပင် ၄ နှစ်မှ စတင်ဆွတ်ခူးနိုင်ပြီး နှစ်ပေါင်း ၃၀ သက်တမ်းအထိရှိကြောင်းနှင့် အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်၊ ဥယျာဉ်ခြံများအတွင်း စီးပွားဖြစ် နှစ်ရှည်စိုက်ပျိုးထားရှိပါက မိသားစုအပိုဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဇီးဖြူကွင်း ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာ၊ ပုသိမ်-သာပေါင်း ကားလမ်းဘေးရှိ တောင်သူ ဦးစစိုးမိုးအောင်၏ ဥယျာဥ်ခြံမြေ(၂)ဧကပေါ်တွင် ရိုဘတ်စတာ(Robusta) မြေပြန့်ကော်ဖီ(၈၇၀)ပင်အား မြို့နယ် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် တောင်သူတို့ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)