ရသေ့တောင်မြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်





MNP ၊ အောက်တိုဘာ   ၁၀

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့‌နယ် ခနောင်းကြီးကျေးရွာတွင် ယမန်နေ့၊ ညနေ(၄)နာရီက စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။ 


ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးသန်းဝင်းဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ်တာဝန်ခံဦးထွန်းမြ နှင့်တာဝန်ရှိသူတို့က စားအုံးဆီများကိုပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားအုံးဆီပိဿာ ၅၅၀ ပိဿာကို လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးသို့ များသို့သွာရောက်ရောင်းချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)