ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်





MNP ၊ အောက်တိုဘာ   ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက်(၁၀)နာရီက ( အထက )  ထန်းပင်ချောင်ကြီး ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များသိသင့်သိထိုက်သည့် အကြောင်းအရာများ၊ မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ယခုခေတ်လူငယ်များ ခံစားနေရသည့် လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန် ၊လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံများ ဆောင်ရန်၊ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ဟောပြော‌ခဲ့သည်။


ဆက်လက်၍  ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှုး ဒေါ်ခင်မျိုး‌အေး က ဆီးမှန်၊ဝမ်းမှန်၊လေမှန်၊သွေးမှန်စသည့် မှန်လေးမှန်အကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများအား အခမဲ့ ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့‌ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)