မိုးနဲမြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်း



MNP ၊ အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့်ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမို တိုးပွားလာစေ‌ရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၃)ဆင်းပွဲကို အောက်တိုဘာ၄ရက်နေ့ နံနက်၉နာရီအချိန်က နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ)နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကြက်‌ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်ကြားလေ့ကျင့်ခြင်းနှင့် စာတွေ့ဖြေဆိုခြင်းတို့တွင် ထူးချွန်စွာ‌ ဆောင်ရွက် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။


အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့်တပ်ဖွဲ့ဝင်များ၊ နားခံ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းသား၅၀ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ဒါဏ်ရာအမျိုးမျိုး ၊ သွေးယိုစီးခြင်း ၊ အရိုးကျိုးခြင်း ၊လူနာစမ်းစစ်ခြင်း ၊ပတ်တီးစည်းနည်း စသည့်ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို  သုံးရက်ကြာ စာတွေ့လက်တွေ့သရုပ်ပြ ပို့ချပေးခဲ့ကြောင်းသိရသည်။


မျိုးညွန့်ရွှေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)