လဟယ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဟယ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းသင်တန်းဆင်းပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆)၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသောင်းက သင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၆)တွင် ထူးချွန်ဆုရရှိ‌သော သင်တန်းသူ တစ်ဦးအား အပ်ချုပ်စက်တစ်စုံနှင့် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းမှ ရိုးရာဂျပ်ခုတ်သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူအား ဆုများ ချီးမြှင့်ပြီး သင်တန်းကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် သင်တန်းသူများမှ  ချုပ်လုပ်ထားသော သင်တန်းသူများ၏ လက်ရာများ ခင်းကျင်းပြသထားရှိမှု ကို ကြည့်ရှုအားပေး‌ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြများ သင်တန်ဆင်း သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)