MNP ၊ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာ နချုပ်၊ သန္တိသုခဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရခိုင်ကုန်း၊ မင်္ဂလာတပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တမေဓိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရခိုင်ကုန်း၊ မင်္ဂလာ တပ်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရခိုင်ကုန်း၊ မင်္ဂလာတပ်ဦးကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက အဆိုပါမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆီနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment