MNP ၊ အောက်တိုဘာလ ၃
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားများအဖြစ် လှုပ်ရှားနေသူများအား ဖမ်းဆီးထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ဖမ်းဆီးရမိသူများကို စစ်ခုံရုံးတွင် စစ်ဆေး၍ ပြစ်ဒဏ်များ ချမှတ်လျက်ရှိသည်။
ဟားခါးမြို့တွင် နေထိုင်လျက်ရှိပြီး ချင်းပြည်နယ်အတွင်း လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လျက်ရှိသည့် CDF အကြမ်းဖက်အဖွဲအား ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့သည့် တရားခံ ဒေါ်ဗျက်မွှေဆုန် အား ၂၉-၉-၂၀၂၃ ရက်နေ့က စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့တွင် နေထိုင်လျက်ရှိပြီး ထန်တလန်မြို့တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့ဝင်များအား ၎င်းနေအိမ်တွင် တည်းခိုစေပြီး လက်နက်၊ ခဲယမ်းများ ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့သို့ သွားရောက်ရန် လမ်းပြနှင့် စကားပြန်ပြုလုပ်ပေးခဲ့ခြင်းနှင့် ၎င်းအကြမ်းဖက်သမားများနှင့် ပြောဆိုဆက်သွယ်မှုများရှိသည့် တရားခံ ဗန်ဗျက်ကျဲအို အား၂၉-၉-၂၀၂၃ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဟားခါးမြို့တွင် နေထိုင်လျက်ရှိပြီး ဟားခါးတက္ကသိုလ်ဝန်းအတွင်းရှိ ဥပဒေဌာန စာသင်ဆောင်နှင့် ရူပဗေဒပညာဌာနစာသင်ကျောင်းတိုအတွင်းသို့ ဝင်ရောက်၍ ကျောင်းပိုင်ပစ္စည်းများကို အကြိမ်ကြိမ်ဝင်ရောက်ခိုးယူခဲ့သည့် တရားခံ မောင်ငယ် အား ၂၉-၉-၂၀၂၃ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ပါ ပြဌာန်းချက်များအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၇၁) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment