ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခစတင်ချိန်မှစ၍ သေဆုံးသူဦးရေ ၁၂၀၀ နီးပါးအထိ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခစတင်ချိန်မှစ၍ သေဆုံးသူဦးရေ ၁၂၀၀ နီးပါးအထိ မြင့်တက်လာ


ဒူဘိုင်း၊ အောက်တိုဘာ ၁၂

ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းဦးရေသည် ၁၂၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး လူပေါင်း ၅,၆၀၀ ခန့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“သေဆုံးသူအရေအတွက်ဟာ ၁,၂၀၀ နီးပါးရှိလာပြီး ဒဏ်ရာရရှိသူ ၅,၆၀၀ နီးပါးရှိလာပါပြီ” ဟု အမည်မဖော်လိုသည့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက Facebook တွင် ဖော်ပြခဲ့သည်။ .

ဗုဒ္ဓဟူးနေ့ညက ဒေသဆိုင်ရာဆေးရုံများတွင် လစ်လပ်သောကုတင်များမရှိကြောင်းနှင့် ဆေးဘက်ဆိုင်ရာ လိုအပ်ရာများကုန်သွားကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ WAFA သတင်းဌာန၏ အဆိုအရ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၅၃၅ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၇၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်းတို့ ပြင်းထန်စွာ ပျက်စီးခဲ့သည်။ အစ္စရေးစစ်တပ်က ဗလီ ၁၀ လုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ဟားမတ်စ် စစ်သွေးကြွများက အောက်တိုဘာ ၇ ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ဟားမတ်စ်က ၎င်း၏စစ်ဆင်ရေးသည် ဂျေရုဆလင်မြို့ဟောင်းရှိ Al-Aqsa ဗလီကို ဆန့်ကျင်သည့် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အစ္စရေးက ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြှောင်အား လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းနှင့် အခြားသော ပိတ်စို့ဖြတ်တောက်မှုများလည်း လုပ်ဆောင်ခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)