MNP ၊ အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်၊ မိုးသီးနှံချေးငွေများကို ၂၀၂၃ ခုနှစ်၊ မေလလယ်မှ စတင်ထုတ်ချေးပေးခဲ့ရာ အောက်တိုဘာ နောက်ဆုံးပတ်တွင် အဆိုပြုကျေးရွာများမှ တောင်သူအားလုံးသို့ ချေးငွေပမာဏ ၄၆၀၆၂၅၀၀၀၀ သိန်း ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးမောင်မောင်ဦးနှင့် ဝန်ထမ်းများသည်၊ တောင်သူများ မိုးသီးနှံအတွက်သွင်းအားစုများ အချိန်မီ ဝယ်ယူအသုံးပြုနိုင်စေရန်အတွက် မိုးသီးနှံချေးငွေများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကန့်သတ်ချက်များအရ၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ ပိန္နှဲတော ဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၃ ခုနှစ် မေလလယ်မှ စတင်ထုတ်ချေးပေးခဲ့ရာ၊ ယမန်နှစ်ချေးငွေ ပြေကြေပြီး အဆိုပြုကျေးရွာအုပ်စု ၈၈ အုပ်စုမှ တောင်သူ ၉၈၅၀ ဦးတို့၏ စပါးစိုက်ဧက ၄၀၃၄ ဧက နှင့်အခြားသီးနှံ ၄၀၀၁၁ ဧက၊ စုစုပေါင်း ၄၄၀၄၅ ဧကအတွက်၊ မိုးသီးနှံချေးငွေ စုစုပေါင်း ၄၆၀၆၂၅၀၀၀၀ သိန်း ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်၊ ၂၀၂၃ ဆောင်းသီးနှံ (နေကြာအပါအဝင်) စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားရန် စီစဉ်လျက်ရှိပြီး၊ စီမံကိန်းဝင် ကျေးရွာများနှင့် အဆိုပြုကျေးရွာများအား စိစစ်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment