ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာပြည်သူ (၄၉၇)ဦးထံ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ (၅၄၇)သိန်းထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာပြည်သူ (၄၉၇)ဦးထံ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ (၅၄၇)သိန်းထုတ်ချေးပေး



MNP ၊ အောက်တိုဘာ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ   ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း၊ ကျောက်ဆည်မြို့နယ် မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့များနှင့်အတူ        ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာမှ  ကျေးရွာပြည်သူ(၄၉၇)ဦးထံ   ငွေကျပ်(၅၄၇)သိန်းအား     ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော    ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေ များကိုကျေးရွာပြည်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ထန်းဇင်တော်နှင့်အရှေ့ငယ်တိုးကျေးရွာ၊ စဉ့်ကိုင်မြို့နယ်တွင်  ဟင်းငူ၊ ကုန်းသာနှင့်ကံကြီးကျေးရွာ၊ မြစ်သားမြို့နယ်တွင် ဈေးကုန်းကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၆)တို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာ စီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေကျပ် (၃၀၆.၀၃၆) သန်းအား ကျေးရွာပြည်သူ (၁၇၀၀) ဦးထံ  ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။                      


တင်တင်ထွေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)