လှည်းကူးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံလှူဒါန်း






MNP ၊ အောက်တိုဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများက လှည်းကူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့က တစ်ကိုယ်ရည်သုံး ပစ္စည်းများထောက်ပံလှူဒါန်းခဲ့ကြောင်း သိရသည်။


လှူဒါန်းပေးရာတွင်လည်း ယာယီလာရောက်ခိုလုံလျက်ရှိကြသော ရေဘေးရှောင် အမျိုးသမီးများ အတွက်လည်း တစ်ကိုယ်ရည်သုံးနှင့် အမျိုးသမီးသုံးပစ္စည်း အပါအဝင်ပစ္စည်း (၁၃) မျိုးပါ အိတ် (၄၀၀) တို့ကို အောက်တိုဘာလ(၁၀)ရက်နေ့က လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတိုင်းဒေသကြီး ဦးစီးမှူးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။


ဆက်လက်၍လည်း အောက်တိုဘာလ(၁၁)ရက်နေ့ မွန်းလွဲ (၁) နာရီက လှည်းကူးမြို့နယ် ပိုက်ကြီးဝဲ သားရေအိတ်စက်ရုံ (UNI WIN) ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ အမျိုးသမီးနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောကြားခြင်း၊ ကလေးငယ်များအတွက်ကစားရန် ကလေးပျော်နေရာများ ဆောင်ရွက်ထားရှိပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဝင်းဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)