ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား ဝန်ထမ်းများလိုက်နာရမည့်တာဝန်၊ စည်းကမ်းနှင့် ဌာနဆိုင်ရာအရေးယူခြင်းခံရသည့် ပြစ်မှု၊ပြစ်ဒဏ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများထဲမှ ဝန်ထမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင် သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်းပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများ စသည့် စာပိုဒ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ 


ယင်းနောက် ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များဆိုင်ရာအကြောင်း အရာများကိုလည်းကောင်း၊ ဦးဖြိုးဝေ လင်း(ဓာတ်ပုံကျွမ်းကျင်-၂)က ပြစ်ဒဏ်များနှင့်အကျိုးသက်ရောက်မှုများ အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှသိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)