ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပင်ထောင်မြေပဲနုတ်သိမ်းချိန် မြေပဲတစ်တင်းကျ မြေပဲတောင့် တင်း( ၆၀)ထိထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပင်ထောင်မြေပဲနုတ်သိမ်းချိန် မြေပဲတစ်တင်းကျ မြေပဲတောင့် တင်း( ၆၀)ထိထွက်ရှိ




MNP ၊ အောက်တိုဘာ   ၁၂

ညောင်ဦးခရိုင် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသမြေပဲစိုက် တောင်သူများပင်ထောင် မြေပဲဖော်ချိန် ဥဥနှုန်းကောင်းသောကြောင့်မြေပဲစိုက်တောင်သူများ မြေပဲများရကြကာပင်ထောင် နုတ်သိမ်းချိန် ပင်ထောင်မြေပဲ တစ်တင်းချ တင်း(၆၀)ထိရကြောင်း  ညောင်ဦးမြို့နယ် ကုလားတဲ ကျေးရွာ ပင်ထောင်မြေပဲစိုက်ပျိုး တောင်သူများထံကသိ ရသည်။


ညောင်ဦးမြို့နယ်တွင် ကျေးလက်တောင်သူများ မြေပဲစိုက်ပျိုးခြင်းကို ပင်ပြန့် မြေပဲ(ခြောက်လမြေပဲ)နှင့် ပင်ထောင်မြေပဲ(သုံးလမြေပဲ)နှစ်မျိုးလုံးစိုက်ပျိုးကြကြောင်းသိရပြီး စိုက်ပျိုးမည့်မြေပဲမျိုးများအား တောင်သူများကိုယ်တိုင် မျိုးကောင်းမျိုးသန့်ရွေးချယ်ချန်ထားပြီး စိုက်ပျိုးကြခြင်းနှင့် မြေပဲမျိုး ဝယ်ယူစိုက်ပျိုးကြခြင်းများရှိကြောင်း၊  ယခုနှစ်တွင် မိုးဦးမိုးရွာသွန်မှုနည်းခဲ့ခြင်းကြောင့် နှမ်းစိုက် တောင်သူများ နှမ်းမရကြဘဲ မိုးလယ်မိုးကျမှသာပင်ထောင်မြေပဲ စတင်စိုက်ပျိုးခဲ့ကြောင်းဇွန်လတွင်မှ ပင်ထောင်မြေပဲ(သုံးလ)စိုက်ပျိုးခဲ့ရာ မိုးရွာသွန်းမှုကောင်းခြင်း ကြောင့်ပင်ထောင်မြေပဲနှုတ်သိမ်းချိန် တစ်တင်းကြ(ချ)စိုက်ပျိုးလျှင် တင်းခြောက်ဆယ်ငါးတင်းမှခုနှစ်ဆယ်တင်းထိ ထွက်ရှိခြင်းကြောင့် ညောင်ဦးမြို့နယ် ပင်ထောင်မြေပဲစိုက် တောင်သူများ မြေပဲရကြကြောင်း ဆင်သားမွေးကျေးရွာ မြေပဲစိုက်တောင်သူ ဦးထွန်းမိုး ဆိုလျှင်မြေပဲသုံးတင်း စိုက်ပျိုးရာ နှုတ်သိမ်းချိန်တစ်ရာ ရှစ်ဆယ် တင်းထွက်ရှိခြင်းကြောင့်တစ်တင်းစိုက်ပျိုးပြီး နှုတ်သိမ်း ချိန်တင်းခြောက်ဆယ်ကျော် ပျှမ်းမျှထွက်ရှိ ကြောင်း ယခုနှစ် အညာကျေးလက်တွင် မိုးရွာသွန်းမှု ကောင်းခြင်းနှင့်အတူ မြေပဲစိုက်ပျိုးတောင်သူ များ မြေပဲအထွက်နှုန်းကောင်းမွန်ခဲ့ကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)