ကုလသမဂ္ဂ၊ အောက်တိုဘာ ၉
ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အစ္စရေးနိုင်ငံအပေါ် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးသော ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်၏ တိုက်ခိုက်မှုများကို ဆွေးနွေးရန် ရည်ရွယ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ အရှေ့အလယ်ပိုင်းတွင် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်ရန် တိုက်တွန်း ပြောဆိုခဲ့ကြသည်။
“ကျနော့်ရဲ့ သတင်းစကားကတော့ တိုက်ပွဲတွေကို ချက်ချင်းရပ်ဖို့၊ အပစ်အခတ်ရပ်စဲရေးသွားဖို့နဲ့ ဆယ်စုနှစ်များစွာ ရပ်တန့်ထားတဲ့ အဓိပ္ပာယ်ရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေဆီကို သွားဖို့ အရေးကြီးပါတယ်” ဟု နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vasily Nebenzia က သတင်းထောက်များအား ပြောကြားခဲ့သည်။
အရပ်သားများအပေါ် တိုက်ခိုက်မှုအားလုံးကို ရုရှားက ရှုတ်ချကြောင်း Nebenzia က အလေးအနက် ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီး Zhang Jun က တွေ့ဆုံမှုမတိုင်မီ အလားတူ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပြီး “နှစ်နိုင်ငံ ပြေလည်မှုဆီသို့ ပြန်လည်ရောက်ရှိရန်” တိုက်တွန်းခဲ့သည်။
သို့သော်လည်း လုံခြုံရေးကောင်စီသည် အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
၎င်း၏တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အမေရိကန်သည် ဟားမတ်စ်အဖွဲ့၏ ပြင်းထန်သောအကြမ်းဖက်တိုက်ခိုက်မှု ကို ရှုတ်ချရန် အဖွဲ့ဝင် ၁၅ နိုင်ငံပူးပေါင်း၍ တောင်းဆိုခဲ့သည်။ အစည်းအဝေးအပြီးတွင် အမေရိကန်ဒုတိယသံအမတ်ကြီး ရောဘတ်ဝုဒ်က ဝါရှင်တန်၏သဘောထားကို နိုင်ငံအများအပြား က ဂရုပြုခဲ့ကြောင်း၊ သို့သော် အားလုံးမဟုတ်ကြောင်း၊ သတင်းထောက်များသည် မည်သူကိုရည်ညွှန်းပြောဆိုသည်ကို ခန့်မှန်းနိုင်သည်ဟု ပြောကြားခဲ့သည်။
Ref - RT
https://t.me/MyanmarNationalPost

No comments:
Post a Comment