MNP ၊ အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာ ၅ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာ ကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့မှ ကလေးငယ်(၅၀)ဦးတို့အား ထိုးနှံတိုက်ကျွေးခြင်းနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာနထံမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment