MNP ၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအနီးမှာ လက်ခဲယမ်းများကို ကားဖြင့်သယ်ဆောင်လာကြောင်း ပြည်သူများမှ သတင်းပေးသည့်အတွက် လုံခြုံရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားတစ်ဦး မောင်းနှင်လာသောကားအတွင်းမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စနိုက်ပါ ၁ လက်၊ ရိုင်ဖယ် ၁ လက်၊ M-22 ၂ လက်၊ RRAD အမျိုးအစား သေနတ် ၁ လက်၊ Glock-19 ပစ္စတို ၁ လက်၊ Glock-26 ပစ္စတို ၁ လက်၊ zoraki M-906 TD ပစ္စတို ၁ လက်၊ RUGER P-85 MK2 ပစ္စတို ၁ လက်၊ smith&Wesson M&P ပစ္စတို ၁လက်၊ S&B တံဆိပ်ပါ ကျည် ၂၀ တောင့် စုစုပေါင်း သေနတ် ၁၀ လက် အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးကို အဓိကလုပ်ဆောင်လျက်ရှိပြီး အောက်တိုဘာ ၂ရက်နေ့က မြိုင်မြို့နယ်တွင် အကြမ်းဖက်သမား ၁၀ ဦးကို အသေဖမ်ဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။ စက်တင်ဘာလအတွင်းက PDF အပါအဝင် အကြမ်းဖက်သမား ၃၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment