MNP ၊ အောက်တိုဘာ ၅
ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် မြို့နယ်တွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် ပညာရေးဝန်ထမ်း အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အခမ်းအနားအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသား မောင်လွင်ဘုန်းထက်က မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ဖတ်ကြားခြင်း၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ရန်တက်ရောက်လာကြသည့် ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ ဆရာ/မများက ကန်တော့ခံ ဆရာ/မကြီးများအား ကန်တော့ပစ္စည်းများပေးအပ်ခြင်း၊ ကန်တော့ချိုးဖြင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအားကန်တော့ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် ကန်တော့ခံရန် စာရင်းရှိသူ အသက်(၇၀)နှစ်နှင့်အထက် ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးဦးရေ (၁၂၃)ဦးရှိပြီး စာရင်းရှိဦးရေအားလုံးအား တာဝန်ရှိသူများမှ မပျက်မကွက် ဖိတ်ကြားခဲ့ကြောင်းနှင့် ယနေ့ကျင်းပသည့် ကန်တော့ပွဲအခမ်းအနားသို့ ကျန်းမာရေး အခြေအနေများအရ စုံညီစွာမတက်ရောက်နိုင်ခဲ့ပဲ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ဦးရေ(၈၀)ခန့်သာ အခမ်းအနားသို့ တက်ရောက်ကန်တော့ခံနိုင်ခဲ့ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment